Nair Hair Removing Cream Sensitive Skin 75g
💙မျက်နှာနှင့်ကိုယ်ခန္ဓာအမွှေးအမျှင် တွေကိုနူးညံ့ညင်သာစွာဖယ်ရှားရှင်းလင်းပေးတဲ့ 💁♀️🇦🇺 Nair Hair Removing Cream ရောက်ရှိလို့ လာပါပြီနော်
💙တစ်မျိုးထဲနဲ့ မျက်နှာ၊ ဂျိုင်း၊ ခြေထောင့် Bikini area တွေ အမွှေးအမျှင်တွေအားလုံးမိနစ်ပိုင်းအတွင်း အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။
💙Sweet Almond Oil နဲ့ လုပ်ထားပြီး Vitamin A, B & E တို့ပါ၀င်လို့ အမွှေးအမျှင် ဖယ်ရှားပြီးရင်လည်း အစိုဓာတ်ကို ထိန်းထားတာမို့လို့ ဖြူဝင်း နူးညံချောမွေ့နေစေပါတယ်။
💙ဘေးကင်းစိတ်ချရတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တာကြောင့် ပူလောင်ခြင်း၊ စပ်ခြင်းတွေလည်းမဖြစ်လို့ sensitive skin တွေရော ဘယ်လို အသားအရေမျိုးမဆို သုံးလို့ safe ဖြစ်ပါတယ်။
💙Cream type လေးမို့လို့ လိမ်းတဲ့အခါ နူးညံ့သလို ပြန်ထွက်တဲ့အခါဆိုလည်း ရိတ်တာနှုတ်တို့လို ပြန်ထွက်လာတဲ့ အမွှေးလေးတွေ ကြမ်းတမ်းခြင်းမရှိဘဲ အမွှေးအမျှင်နုနုလေးတွေ ပြန်ပေါက်လာစေပါတယ်။
🖌🖌အသုံးပြုပုံအဆင့်ဆင့်
အမွှေးအမျှင် ဖယ်ရှင်းပေးမယ့်နေရာကို ရေနှင့်ဆေးကြောပြီးခြောက်အောင်သုတ်ပေးပါ။
(ရေနွေးနွေးလေးနဲ့ဆို ပိုကောင်းပါတယ်)✔️
Cream လေးကို ဘူးမှာပါတဲ့ 🖌အတံလေးနဲ့(သို့)လက်✋🏻ဖြင့် လိမ်းမယ့်နေရာပေါ်မူတည်ပြီး အထူအပါးလေးလိမ်းပေးပါ။
👉🏻လိမ်းပြီး(3)မိနစ်ကနေ (10) မိနစ်ကြားလောက်ထိအမွှေးအထူအပါးပေါ် ချိန်ဆပြီးထားပေးပါ။ (၁၀) မိနစ်ထက်ပိုထား၍မရပါ။
ပြီးရင် အ၀တ်စ(သို့) tissue လေးနဲ့ညင်သာစွာ ဖယ်ရှားပေးပါ။ ရေနွေးနွေးလေးနဲ့ ပြန်လည်ဆေးကြောသန့်စင်လိုက်ပါ။
သတိပြုရမယ့်အချက်
(၁၀)မိနစ်ထက်ပိုလိမ်းမထားရပါ။
အနာဒဏ်ရာများဖြစ်နေတဲ့ နေရာများတွင် အသုံးမပြုရ။
ပြန်ဆေးချိန်မှာ ဆပ်ပြာနဲ့ မဆေးရပါ။
###
Comments
Post a Comment