A2 Milk Powder Full Cream 1kg
နို့မှုန့်အမျိုးအစားပေါင်းစုံ ဖျော်သောက်လိုက်ပေမယ့် ဘာအာဟာရမှ မဖြစ်ထွန်းဘူးလို့ ခံစားနေရပြီလား❓
ဒါဆို ကျန်းမာရေးနဲ့ ပိုညီညွတ်ပြီး မိခင်နို့ရည်ထဲတွင်ပါဝင်သော Beta-casein နှင့်အမျိုးအစားပိုမို နီးစပ်တဲ့ A2 beta-casein protein ချည်းပဲ သီးသန့်ပါဝင်တဲ့ “A2 MILK” ကို ပြောင်းသောက်လိုက်ပါ။
အဆီမထုတ်ဘဲ အီဆိမ့်မွှေး မလိုင်အပြည့်နဲ့ ထုတ်လုပ်ထားတဲ့ 💙A2 Full Cream Milk
💚A2 beta-casein ပရိုတင်းနို့အမျိုးအစားကို သဘာဝအတိုင်းထုတ်လုပ်ဖို့ အထူးရွေးချယ်မွေးထားတဲ့ နွားများရဲ့နို့မှ ထုတ်လုပ်ထားပြီး Protein, Fatty, Lactose, သတ္တုဓါတ်နှင့် ရေဓါတ်များ ပါဝင်တာကြောင့်
✅အာဟာရတန်ဖိုးကို တိုးစေပြီး ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေခြင်း
✅ကယ်လ်ဆီယမ်ဓါတ်မြင့်မားစွာပါဝင်တာကြောင့် အာဟာရပြည့်ဝစွာရခြင်း
✅ခန္ဓာကိုယ်နှင့် အရိုးအဆစ်များကို ကျန်းမာသန်စွမ်းစေခြင်း
✅အစာချေဖျက်ရာတွင် အထောက်အကူဖြစ်စေပြီး သွေးတွင်းရှိ ကိုလက်စထရောအဆင့်ကို ထိန်းညှိပေးခြင်း
✅ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရန် မြှင့်တင်ပေးခြင်း စသဖြင့် အထွေထွေကျန်းမာရေးများအတွက် များစွာ အထောက်အကူပြုပါတယ်။
💚သောက်သုံးရန်အညွှန်း💚
အသက် (၃)နှစ်မှစ၍ လူကြီးအရွယ်များအထိ သောက်သုံး၍ ရပြီး တနေ့လျှင် 250ML၊ 1Litre ဖျော်သောက်နိုင်ပါတယ်။ ✔️ရေအရင်ထည့်ပြီးမှ ရေထဲသို့အမှုန့်ဖျော်သောက်ရန်သာဖြစ်ပါတယ်။
💚သိုလှောင်ရန်အညွှန်း💚
လတ်ဆတ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် အသုံးပြုပြီးပါက Zip Seal ကို လုံခြုံအောင် ပိတ်ပါ။
တိုက်ရိုက်နေရောင်ခြည်ထိတွေ့မှု မရှိစေဘဲ အေးမြခြောက်သွေ့သော နေရာတွင်ထားပါ။
အမှုန့်ကို ဖွင့်ပြီး (၃)ပတ်အတွင်း စားသုံးပါ။
💙Made in New Zealand🇳🇿
###
Comments
Post a Comment